သဲအင်း
ဇွဲတင်း
အမြဲလင်း


Announcement

Donate
Contact

Introduction

Home Introduction

သဲအင်းဂူ

ဝိပဿနာ ကမ္မဌာန်းကျောင်းတိုက်

မူလသဲအင်းဂူဆရာတော်ဘုရားကြီး
အုပ်မြစ်ချတည်ထောင်ခဲ့သော အရိယာ ဓမ္မဗိမာန်တော်ကြီး

၁၃၂၃ခု နယုန်လ အတွင်းမိုးရေ၊ မိုးပေါက်များ ရွာသွန်းလိုက်၊ ရပ်လိုက်ဖြစ်ခါ မှန်မှန်သွန်းဖြိုး နေပါသည်။ ထိုအချိန်တွင်ဦးစုရ၊ ဦးထွန်းညွှန့်၊ ဦးရွှေ၀၊ ဦးဖိုးတော။ ဦးဘတို့မှ ယခု(အရိယာဓမ္မာရုံ)ကြီး နေရာတွင် ဦးဥက္ကဌ ချမ်းသာစွာနေထိုင်သီတင်းသုံးနိုင်ရန်အတွက် ကျောင်းတစ်လုံးဖြစ်မြောက်ရန် ၀ိုင်း၀န်းပြုလုပ်နေကြပါသည်။
တဲကျောင်းကလေး ပြီးစီးသွားသောအခါ ဦးဥက္ကဌမှာ နှောကုန်းရွာအတွင်း သို့ ဆွမ်းခံထွက် မယ်တော် ကြီးဖြစ်သူမှာ ဦးဥက္ကဌ၏ ကျောင်းမှာပင်နေထိုင်ရင်း ယောဂီများခေတ္တနားနေနိုင်ရန်အတွက် (၁၆)ပေ(၁၀)ပေခန့် ဓနိမိုး၊ ၀ါးထရံကာ တစ်လုံးကို၊ မရှေးမနှောင်းပင်တည်ဆောက်လိုက်ပါသည်။

ဦးစုရနှင့် ယောဂီများသည် ဥပုတ်နေ့များတွင်တရားတွင်တရားအားထုတ်ရန်နှင့် တရားနာကြရန်လာရောက်လေ့ရှိပါသည်။ ထိုသို့တရားအားထုတ်သူများအနက်နှောကုန်းရွာမှ ညဉ့်အိပ်၊ ညဉ့်နေလာသူမှာ အသက် (၃၀) ခန့်ရှိ ကိုကျော်မောင်ဖြစ်ပါသည်။
တစ်နေ့သော ညနေစောင်းတွင် လူနှစ်ယောက်၊ ဗလကောင်းကောင်းဖြင့်တရားထိုင်နေသော ဓမ္နာရုံငယ် အတွင်းသို့၀င်ရောက်လာခဲ့ပါသည်။ ထို့နောက်ဦးဥက္ကဌ၏ ခြေတော်အစုံကို ဦးခိုက်ပြီးရိုသေစွာ ကန်တော့ကြ ပါသည်။ ထို့နောက် (၁၅)မိနစ်ကြာမျှဦးဥက္ကဌနှင့် ၎င်းဧည့်သည်နှစ်ယောက် ထိုင်နေကြပါသည်။ အသံမကြားရပါ။

ထိုလူနှစ်ယောက်ပြန်ထွက်သွားသောအခါ ကိုကျော်မောင်မှနောက်ကလိုက်၍မကဲခတ်ရာ ယနေ့မုခ်ဦး၀နှင့် ညောင်ပင်နားသို့အရောက်တွင် မျက်ခြည်ပြတ်သွားပါသည်။ နေ၀င်ချိန်လူလုံဲးမကွဲသော ကာလဖြစ် သောကြောင့် ကိုကျော်မောင်မှာဆက်မလိုက်တော့ဘဲ ကျောင်းသို့ပြန်လာပြီး ဦးဥက္ကဌအား လျှောက်ထားမေးမြန်းရာ ဦးဥက္ကဌမှ ထိုပုဂ္ဂိုလ်များမှာ လူသာမန်မဟုတ်ကြဘဲ (၀ိဇ္ဖာ) နှစ်ဦးဖြစ်ကြောင်း၊ ထိုသူတို့မှာ မနောအာရုံဖြင့် ဦးဥက္ကဌအား သာသနာနယ်မြေ သတ်မှတ်မှသာလျှင်သင့်တော်မည်ဖြစ်ကြောင်းလျှောက်ထားရာ၊ ဦးဥက္ကဌမှ သာသနာနယ်မြေသတ်မှတ်ရန်မနောဖြင့် ခွင့်ပြုလိုက်ကြောင်း ပြန်လည် မိန့်ကြားပါသည်။